All photos and other content materials posted at This Blog were found via internet search engines and other websites and the legal copyrights of those content belong to the actual owners. I have taken my effort to acknowledge the copyright owners where possible, but there might some missing out. If you feel any of your copyrighted material is seen in this blog please comment it. Thank you.. Credit to ALL CONCERNED, especially Lin San Letpanpya, Kyawsoe Soe,Myanmar Historical Archive,William Than, Ateewarloneshay Soe Wai, Kyaw Gyi etc.....

Wednesday, November 27, 2013

Bo Ye Htut

ရဲဘော်သုံးကျိပ်ထဲက တဦးတည်းသာ သက်ရှိထင်ရှား ကျန်တော့တဲ့ သခင်အောင်သိန်း ခေါ် ဗိုလ်ရဲထွဋ် ဟာ ယနေ့ နိုဝင်ဘာ ၂၇ ရက် အမျိုးသားနေ့ မြန်မာ စံတော်ချိန် ည ၉ နာရီ ၂၀ မိနစ်မှာ ကွယ်လွန် သွားရှာပြီ ဖြစ်ပါတယ်။

Monday, November 25, 2013

1/4 Pe Min Don Min

1/4 Pe Min Don Min

Obverse - Peacock

Reverse - Denomination within wreath

Features ;

Country - Myanmar

Years - 1227 ( 1865 )

Calendar - Buddhist ( Chaulasakarat )

Value - 1/4 Pe` = 1 Pya ( 1/80 )

Matal - Copper

Weight - 6.1 g

Diameter - 24mm

Shape - Round

Demonetized - Yes

ကာတွန်းဦးဘဂျမ်းရဲ့ လက်ရာ ထီဆိုင်ကြော်ငြာလေး


Burmese lady 1890s


“ကုန်းဘောင်ခေတ်က ကျေးလက်နေ ပြည်သူတွေရဲ့ ထမင်းဝိုင်း (Menu)


ကုန်းဘောင်ခေတ်က ကျေးလက်နေ ပြည်သူတွေရဲ့ ထမင်းဝိုင်း (Menu)”
၁၈ ရာစုနောက်ပိုင်းကို ကုန်းဘောင်ခေတ်လို့ အကြမ်းဖျင်းခွဲပြီး . . . .
ကုန်းဘောင်ခေတ်က ဦးကြီး ၊ ဦးဆောင်း ၊ ဦးပုည ၊ဦးအင်းတို့ရဲ့ ကဗျာစာပေတွေထဲက အထောက်အထားနဲ့ ကျေးလက်နေပြည်သူလူထုရဲ့
ထမင်းဝိုင်း (Menu)ကိုလေ့လာကြည့်တဲ့ အခါ . . . . . . . -
၁ ။ ချဉ်ပေါင်ဟင်း ၊ ဘူးရွက်ပြုတ် ၊ ငါးပိရည် ၊ ရဲကျော်ဆန် ။
၂ ။ ဘူးညွန့် ၊ ချဉ်ပေါင်နီ ၊ ပုဇွန်လုံး ၊ လယ်ကြွက်ကင် ။
၃ ။ ပေါ်သစ်စပြောင်း ၊ ဆူးပုတ်ရေ ၊ ပုတတ်ကျပ်တင် ။
၎ ။ ယုန်ကျပ်တင် ၊ပရန္န၀ါဟင်းချို ၊ ၀ါးပြာ(အငံအတွက်) ။
၅ ။ လက်ပံပွင့်ခြောက် ၊ ပံ့သကူအမဲသား ၊ နှစ်ချို့ပြောင်း ။
၆ ။ ပြောင်း ၊ ငါးလူးမျှင်မျှင်ကြေးမသင်ရေလုံပြုတ် ။
၇ ။ ပဲနောက် ၊ ပြောင်း ၊ ကောက် -သုံးလွန်တင်ထမင်း ၊ ငါးနဲ့ချဉ်ပေါင်ရောကျိုငြုပ်သီးထောင်း တို့ဖြစ်ကြပါတယ် ။
( မှတ်ချက် - စားတော်ချက်နည်းကျမ်းပါချက်နည်း ( ၈၉)မျိုးဟာ နန်းတွင်းစဖိုအတွက် ဖြစ်ပြီးဆင်းရဲသား ပြည်သူလူထုနှင့် မဆိုင်ပါ ။)
( ကုန်းဘောင်ခေတ် ကျေးလက် လူမှု စီးပွား ဘ၀ 1752 -1885 )
ဒေါက်တာတိုးလှ M.A,Ph.D. သမိုင်းပါမောက္ခ မန္တလေး တက္ကသိုလ်၏ စာတမ်းကို ဒေါက်တာသန်းထွန်း အကျဉ်းချုပ် ရေးသည် ။)
— with Zaw Zaw, Ngwe Thaw

ပြည်ခရိုင်မှော်ဇာ အရပ်ရှိ မောင်ခင်ဘ (ခင်ဘကုန်း) မှ ရရှိခဲ့သော ရွှေပေချပ်

ပြည်ခရိုင်မှော်ဇာ အရပ်ရှိ မောင်ခင်ဘ (ခင်ဘကုန်း) မှ ရရှိခဲ့သော ရွှေပေချပ် နှစ်ခုမှ မြန်မာနိုင်ငံသို့ ထေရဝါဒ ဗုဒ္ဓဘာသာ ရောက်ရှိရာ အထောက်အထား ။

ရွှေပေချပ် I II III IV နှင့် V မှ စာကြောင်းရေ ၃ ပထမ ပိုဒ် အထိ ကို ယနေ့ခေတ် မြန်မာအက္ခရာဖြင့် ပြန်ရေးသော်

(I -၁) သိဒ္ဓမ်ဝိဇ္ဇာ ပစ္စယာ သင်္ခါရာ သင်္ခါရ ပစ္စယာ ဝိညာဏံ

(I -၂) ဝိညာဏ ပစ္စယာ နာမရူပံ နာမရူပ ပစ္စယာ သဠာယတနံ

(I -၃) သဠာယတန ပစ္စယာ ဖေဿာ ဖဿ ပစ္စယာ ဝေဒနာ ဝေဒန ပစ္စယာ

(II -၁) တဏှာ၊ တဏှ ပစ္စယာ ဥပါဒါနာ ဥပါဒါန ပစ္စယာ ဘဝေါ ဘဝ ပစ္စယာ

(II -၂) ဇာတိ ဇာတိ ပစ္စယာ ဇရာ မရဏံ သောက ပရိဒေဝိတ ဒုက္ခ ဒေါ

(II -၃) မနဿုပါယာသ သမ္တဝ န္တိ ဧဝ မေတဿ ကေဝလဿ ဒုက္ခခန္မ

(III -၁) ဿ သမုဒယော ဟောတိ။ အဝိဇ္ဇာယ တွေဝ အ သေသ ဝိရာဂနိရောဓါ

(III -၂) သင်္ခါရနိရောဓေါ သင်္ခါရ နိရောဓါ ဝိညာဏနိရောဓေါ ဝိညာဏ နိရောဓါ

(III -၃) နာမရူပ နိရောဓေါ နာမရူပ နိရောဓါ သဠာယတန နိရောဓေါ သဠာယ

(IV - ၁) တနနိရောဓါ ဖဿ နိရောဓေါ ဖဿ နိရောဓါ ဝေဒန နိရောဓေါ

(IV -၂) ဝေဒန နိရောဓါ တဏှနိရောဓေါ တဏှနိရောဓါ ဥပါဒါန နိရောဓေါ

(IV -၃) ဥပါဒါန နိရောဓါ ဘဝနိရောဓေါ ဘဝနိရောဓါ ဇာတိနိရောဓေါ

(V -၁) ဇာတိနိရောဓါဇရာ မရဏ သောက ပရိဒေဝိတ ဒုက္ခ ဒေါမနဿုပါယာ

(V-၂) သ နိရုဇ္ဈန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခခန္မဿ နိရောဓေါ

(V -၃) ဟောတီတိ။

မှတ်ချက်။ I II III IV V သည် ရွှေပေချပ်များဖြစ်၍၊ မြန်မာ ဂဏန်း များသည် စာကြောင်းရေ ဖြစ်သည်။ ရွှေပေ တချပ်လျှင် စာကြောင်း သုံးကြောင်းစီပါ
သည်။

ယနေ့ ရွတ်ဆိုပွားများကြသော ပဋိစ္စသမုပ္ပါဒ် အနုလုံ၊ ပဋိလုံ ပါဠိတော်
(နှိုင်းယှဉ်ကြည့်ရန်)

ပဋိစ္စသမုပ္ပါဒ် အနုလုံ ပါဠိ
==============

အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ဝိညာဏံ၊
ဝိညာဏ ပစ္စယာ နာမရူပံ၊ နာမရူပ ပစ္စယာ သဠာယတနံ၊
သဠာယတန ပစ္စယာ ဖေဿာ၊ ဖဿ ပစ္စယာ ဝေဒနာ၊
ဝေဒနာ ပစ္စယာ တဏှာ၊ တဏှာ ပစ္စယာ ဥပါဒါနံ၊
ဥပါဒါန ပစ္စယာ ဘဝေါ၊ ဘဝ ပစ္စယာ ဇာတိ၊
ဇာတိ ပစ္စယာ ဇရာ မရဏံ သောက ပရိဒေဝ ဒုက္ခ ဒေါမန ဿုပါယာသာ သမBဝန္တိ၊
ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္မဿ သမုဒယောဟောတိ။

ပဋိစ္စသမုပ္ပါဒ် ပဋိလုံ ပါဠိ
==============

အဝိဇ္ဇာယတွေဝ အသေသ ဝိရာဂ နိရောဓာ သင်္ခါရ နိရောဓော၊
သင်္ခါရ နိရောဓာ ဝိညာဏ နိရောဓော၊
ဝိညာဏ နိရောဓာ နာမရူပ နိရောဓော၊
နာမရူပ နိရောဓာ သဠာယတန နိရောဓော၊
သဠာယတန နိရောဓာ ဖဿ နိရောဓော၊
ဖဿ နိရောဓာ ဝေဒနာ နိရောဓော၊
ဝေဒနာ နိရောဓာ တဏှာ နိရောဓော၊
တဏှာ နိရောဓာ ဥပါဒါန နိရောဓော၊
ဥပါဒါန နိရောဓာ ဘဝ နိရောဓော၊
ဘဝ နိရောဓာ ဇာတိ နိရောဓော၊
ဇာတိ နိရောဓာ ဇရာ မရဏံ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ
ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္မဿ နိရောဓော ဟောတိ။


၁၁ ရာစုနှစ် သမိုင်းတင် ပုဂံခေတ်ဦးတွင် အနိရုဒ္ဓမင်းစော၏ လက်ထက်မှ
စ၍ မင်းနှင့်ပြည်သူတရပ်လုံး အတိုင်းမသိ အံ့ချီးဘွယ်ရာ သဒ္ဓါတရား နှင့် နက်ရှိုင်းစွာ သက်ဝင်ယုံကြည်မှုကြောင့် ထေရဝါဒ ဗုဒ္ဓဘာသာသည် တရှိန်
ထိုး တိုးတက်လာခဲ့လေသည်။ ထိုသို့ တိုးတက်လာခဲ့သည် မှန်သော်လည်း၊
ထိုခေတ် ထိုအချိန်တွင်မှ ပုဂံ ဒေသသို့ အဦးဆုံး ထေရဝါဒ ဗုဒ္ဓဘာသာ စ
တင် ရောက်ရှိ လာခြင်း မဟုတ်ပေ။ ဟိန္ဒူ ဗြဟ္မဏ အယူဝါဒ ၊ အခြား သောဒေသခံ ယုံကြည်မှုများ၊ မဟာယာန ဗုဒ္ဓဘာသာနှင့်အတူ ထေရဝါဒ
ဗုဒ္ဓဘာသာသည် ပုဂံ ဒေသသို့ ရောက်ရှိ ကိုးကွယ်နေခဲ့ကြပြီးလေပြီ။

သီရိခေတ္တရာ (ဂြီက္ခေတြ) (ပျူ) သည် ၆ ရာစု၊ ၇ ရာစုနှစ်ခန့် တွင် အခြေ
တကျ ဖွံ့ဖြိုးတိုးတက်နေပြီဟု မှန်းဆရပေသည်။ သီရိခေတ္တရာ (ဂြီက္ခေတြ)
(ပျူ) အရပ်ဒေသ သို့ ထေရဝါဒ ဗုဒ္ဓဘာသာ မည်သို့စတင် ရောက်ရှိလာ ခဲ့
သနည်းဆိုသော အမေးပုစ္ဆာကို ဖြေဆိုရန် မလွယ်ကူပေ။ ကိုးကွယ်ယုံကြည်
မှု ၊ ဘာသာစကား ၊ ယဉ်ကျေးမှု ၊ စာပေအနုပညာနှင့် လက်မှုပညာတို့မည်
သည် ဆက်သွယ်နေသော ဒေသ တခုနှင့်တခု နည်းမျိုးစုံဖြင့် ကူးပြောင်း
ရောက်ရှိ ပြန့်ပွားတတ်သော သဘောရှိပေသည်။ တနေရာနှင့် တနေရာ
အပြန်အလှန် ဖလှယ်တတ်သော သဘာဝလည်း ရှိသည်။

ထိုကဲ့သို့ပင် ပုဂံသို့ ထေရဝါဒဗုဒ္ဓဘာသာ စတင်ရောက်ရှိလာပုံနှင့်၊ အများ ပြောဆို ယုံကြည်နေကြသော အနိရုဒ္ဓ၏ လက်ထက်တွင် ပိဋကတ်တော်များ
မည်ကဲ့သို့ ရောက်ရှိလာပုံ သမိုင်းမှတ်တမ်းများကို လေ့လာရာတွင်၊ နှစ်ပေါင်း များစွာ ကြာပြီးသည့်နောက် နှောင်းခေတ်များတွင်မှအသစ်ရေးထိုးထားသော
ကျောက်စာ၊ ပေစာများ နှင့် ရာဇဝင် သမိုင်း မှတ်တမ်းများ ကိုသာ တွေ့ရှိရ
ပေသည်။ ပုဂံ ခေတ်ထိုး ကျောက်စာ၊ မင်စာ နံရံဆေးရေးပန်းချီ စသည်များ
တွင်မူ အထောက်အထားတစုံတရာ မတွေ့ကြရသေးပေ။

မြန်မာ့ ရှေးခေတ်သမိုင်းကို ကျောက်စာများ၊ နံရံဆေးရေးပန်းချီ နှင့် မင်စာ
များ၊ ပေထက်အက္ခရာများ၊ လက်မှုပညာ အလုပ်အဆောင်များ၊ ခေတ်အ
ဆက်ဆက် ပညာရှင်များ၏ သမိုင်းမှတ်တမ်းများ နှင့် ခေတ်အဆက်ဆက်
လက်ကမ်း ပြောကြားခဲ့ကြသော ပါးစပ်ရာဇဝင် သမိုင်းများကို ကိုးကားပြီး
ပြောဆို ရေးသားကြရ ပေသည်။ မှန်းဆချက်၊ အဓိပ္ပါယ် ကောက်ယူဖွင့်ဆို
ချက်များသည် လေ့လာသူများ အနက် တဦးနှင့်တဦး တူညီမှု ရှိကောင်းမှ
ရှိပေလိမ့်မည်။ နှောင်းတွေ့အထောက်အထား အသစ်များနှင့် သုတေသန လုပ်ရာမှ ဖေါ်ထုတ် ရရှိချက်များကြောင့် မြန်မာ့သမိုင်းကိုရေးသားရာတွင်
ပြင်ဆင် ဖြည့်စွက်မှုများ အမြဲတစေ လိုအပ်နေပေမည်။

မည်သည့်အချိန် မည်သည့်ခုနှစ်မှာ ရေးသားခဲ့ကြောင်း အထောက်အထား
များ ရှာဖွေမတွေ့နိုင်သော်လည်း ဆိုညွှန်းခဲ့သည့် ထို ရွှေပေချပ် ၂ဝ တွင်
သုံးစွဲသည့် (ပျူ) အက္ခရာများ ၊ အတူတကွတွေ့ရသော သာသနိကလက်မှု
ပစ္စည်းများ ၊ ထိုဒေသမှ တွေ့ရသော စေတီများ ၊ ဂူဘုရားများ ၊ မြို့ရိုးများ ၊ အုတ်ချပ်များ ၊ မြေပုံဘုရားများ ၊ ကျောက်ချပ်ရုပ်ကြွများ ၊ အရိုးအိုးများ ၊
အရိုးစု နှင့် မီးသွေးများ ၊ ပုတီးစေ့များ၊ ပုံနှိပ် (ပျူ) ဒင်္ဂါးများစသည့်အခြား
ခေတ်ပြိုင် ရှေးဟောင်းပစ္စည်းများ ကို ထောက်ရှုခြင်းအားဖြင့်၊ ပြည်မြို့နယ်
အတွင်းရှိ ယနေ့ မှော်ဇာ ပတ်ဝန်းကျင်၊ ရှေး (ပျူ) ခေတ်အခါက သီရိခေ
တ္တရာ (ဂြီက္ခေတြ) ဖြစ်လိမ့်မည်ဟု မှန်းဆရသော ရှေးမြို့ရိုးကြီးအတွင်းက
အရပ်ဒေသ တွင် ရာစုနှစ်များ ကြာရှည်စွာ (ပျူ) လူမျိုးစုများ နေထိုင်ခဲ့
ကြသည်။

ထို (ပျူ) လူမျိုးစုများသည် ၆ ရာစုနှစ် မှ ၇ ရာစုနှစ် အတွင်း ကတည်းကပင်
သမိုင်းတင် ၁၁ ရာစုနှစ် အနိရုဒ္ဓမင်းစော၏ လက်ထက် ပုဂံခေတ်ဦး အချိန် ထက် ပိုမို စောစီးစွာ ရှေး (ပျူ)အက္ခရာဖြင့် ရေးသားမှတ်တမ်းတင်ထားသော
ပဋိစ္စသမုပ္ပါဒ် ပါဠိတော်ကို ယုံကြည် ကျင့်ကြံ အားထုတ်နေကြပြီ ဖြစ်ကြောင်း
သက်သေ ပြလျက်ရှိပေသည်။

ဆရာ ရန်ဝင်းတောင်တံခါး ။
မိုးမခ အထူးဆောင်းပါး ။

Friday, November 1, 2013

ကတိုးကျေးရွာက တိုင်တလုံးအိမ်

အံ့သြစရာအဖြစ်အပျက်တစ်ခု


ကျွန်တော်တို့ admin များအနေနဲ့ မိတ်ဆွေများကို တင်ဆက်ပေးနိုင်ဖို့ တစ်နေ့က မွန်ယဉ်ကျေးမှုပြတိုက်ကို သွားပြီး မှတ်တမ်းဓါတ်ပုံတွေ ရိုက်ကူးတင်ဆက်ပေးလျက်ရှိပါတယ်၊အဲလို တင်ဆက်ပေးတဲ့နေရာမှာ ကတိုးကျေးရွာက တိုင်တလုံးအိမ်နဲ့ပတ်သက်ပြီး ဓါတ်ပုံတစ်ပုံကို တွေ့လို့ မိတ်ဆွေများ လေ့ လာမြင်တွေ့နိုင်အောင် ရိုက်ကူးပြီး မည်သည့်ပြုပြင်ဖြည့်စွက်မှုမှ မပါပဲ မူရင်းပုံအတိုင်း တင်ဆက်ပေး ခဲ့တဲ့အခါမိတ်ဆွေအချို့ရဲ့ရေးသားလာတဲ့ comment အရ လူပုံတစ်ပုံမြင်ရတယ်လို့ ပြော လာလို့ သေသေ ချာချာကြည့်မိတဲ့အခါအံ့သြ စရာကောင်းလောက်အောင် တိုက်ပုံအကျီင်္ကို ၀တ်၊ ခေါင်းပေါင်း စည်းထားတဲ့ လူတစ်ယောက် ရပ်နေတဲ့ပုံကို မြင်တွေ့ခဲ့တာမို့ ကျွန်တော်တို့ အထူး အဆန်းဖြစ်စေခဲ့ပါတယ်။

မိတ်ဆွေတို့သိသာမြင်တွေ့နိုင်အောင် ထပ်မံဖော်ပြလိုက်ပါတယ်၊ ကျွန်တော်တို့ ထင်မြင်ချက် မှန်ကန်ခြင်း ရှိမရှိနဲ့ မိတ်ဆွေများ မြင်ရခြင်း မမြင်ရခြင်းနဲ့ပတ်သက်လို့သဘောထားမှတ်ချက်လေးတွေ ကို ရေး သားပေးခဲ့စေချင်ပါတယ်။

မွန်ပြည်နယ်အလင်း

Chess game, Burma 1890s

Chess game, Burma 1890s

Photograph by Max and Bertha Ferrars