All photos and other content materials posted at This Blog were found via internet search engines and other websites and the legal copyrights of those content belong to the actual owners. I have taken my effort to acknowledge the copyright owners where possible, but there might some missing out. If you feel any of your copyrighted material is seen in this blog please comment it. Thank you.. Credit to ALL CONCERNED, especially Lin San Letpanpya, Kyawsoe Soe,Myanmar Historical Archive,William Than, Ateewarloneshay Soe Wai, Kyaw Gyi etc.....

Thursday, September 19, 2013

၁၉၀၂ ခုနှစ် ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်ရှိ လောကနတ်ပန်းချီ ပြခန်းရှိရာ အဆောက်အဦး။

၁၉၀၂ ခုနှစ် ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်ရှိ လောကနတ်ပန်းချီ ပြခန်းရှိရာ အဆောက်အဦး။
ကိုလိုနီ အင်္ဂလိပ်ခေတ်တွင် တရုတ် အသက် အာမခံ ကုမ္မဏီ နှင့် SOFAER & CO. ကုမ္မဏီတို့ ဖွင့်ခဲ့ဖူးကြောင်း သိရပါသည်။

 SOFAER & CO.'S BUILDINGS

MR. ISAAC A. SOFAER was appointed a member of the Municipal Committee in January, 1909. Born at Bagdad in 1867, he was brought to Rangoon by his father, Mr. Abraham Isaac Soraer, when nine years of age. Upon leaving St. Paul's High School, Rangoon, where he was educated, he joined a firm of wine and spirit merchants and remained with them for ten years. In 1893 he started business on his own account, and already the firm's premises have been enlarged to six times their original size. In addition to wines and spirits, Messrs. Sofaer & Co. do a large business in oilman-stores, and export a considerable quantity of rice to the Straits Settlements. Mr. Sofaer is a large landed proprietor, and owns one of the finest buildings in the town. He is a highly respected member of the Jewish community, and has been a trustee of the Jewish Synagogue for ten years. He is also a member of the Excise Committee of the Agricultural Society, and the Burma Pasteur Institute. Mr. Sofaer married a daughter of Me Ezekiel Solomon, of Rangoon, and has two sons and four daughters. Mr. Meyer Abraham Sofaer, who has recently become a partner in the firm, has served for a considerable time in the business. He is married to a daughter of Mr. David Jssac, and has three sons and one daughter.

Current: Lawkanat Gallery

Source: Twentieth century impressions of Burma


China Mutual Life Insurance Company Limited
Phayre Road, Rangoon. 1902

Current:

Source: Twentieth century impressions of Burma

1960 - Jaguarကား ရန်ကုန်မြို


ကျုံး မြို့ရိုးအတွင်း (၁၈၈၆)


Portrait of a group of Burmese men

Portrait of a group of Burmese men on a porch by J. Jackson c. 1868 probably in Mandalay. J. Jackson worked as a photographer in Burma from 1865-1915 and had a studio on Merchant Street in Rangoon.

Chartered Bank of India, Australia and China Limited Phayre Road, Rangoon. 1900


`မကွေး- မန်း အမြန်ယာဉ်(၁၉၇၇)`


`သုံးဘီးကား- လိမ္မော်(၁၉၇၈)`


Monday, September 16, 2013

ရဲဘော်ဌေးနဲ.ဗိုလ်ဇေယျတို.အဖွဲ.ဆရာကြီးသခင်ကိုယ်တော်မှိုင်းထံမှ

၃၁.၈.၁၉၆၃-ရဲဘော်ဌေးနဲ.ဗိုလ်ဇေယျတို.အဖွဲ.ဆရာကြီးသခင်ကိုယ်တော်မှိုင်းထံမှ သြ၀ါဒခံယူနေပုံ။တောထဲမပြန်ခင် ရွှေတိဂုံဘုရားဖူးကြရန်နဲ.သခင်သန်းထွန်းအား ဘုရားကိုအဝေးမှအာရုံပြုရန်အမှာစကားပါးလိုက်သည်။

Saturday, September 14, 2013

Aung San,

စက်တင်ဘာလ ၆ရက်နေ့ဟာ မေမေနဲ့ ဖေဖေတို့လက်ထပ် ထိမ်းမြားခဲ့တဲ့ နေ့ဖြစ်ပါတယ်။ ဒီနှစ်ဆိုရင် ၇၁နှစ်မြောက်ပြီပေါ့။ ဒါပေမဲ့ ပေါင်းသင်းခဲ့ရတာကတော့ ၅ နှစ်တောင် မပြည့်ပါဘူး။ ဒီ၅နှစ်လုံးကလည်း အေးအေးဆေးဆေး နေခဲ့ရတယ်ကို သိပ်မရှိပါဘူး။ အဲဒီအချိန်အခါက ဗမာ့ကာကွယ် ရေးတပ်မတော် ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး တာဝန်တွေကို ထမ်းဆောင်ရတာ ပင်ပန်းရုံမက အန္တရာယ်လည်း များပါတယ်။ အန္တရာယ်ဆိုတာ စစ်မြေပြင်မှာ တင်ပြောတာ မဟုတ်ပါဘူး။ စစ်ရေး စစ်ရာတွေအပြင် နိုင်ငံရေး ကိစ္စတွေကိုပါ အင်မတန်ရှုပ်ထွေး ကြမ်းတမ်းတဲ့ ကာလမှာ ကိုင်တွယ်နေရတော့ နေ့မအား၊ ညမအား၊ လူမအား၊ စိတ်မအား လုပ်ကိုင်ကြိုးစား ရပါတယ်။ အနေအထိုင်ဆင်းရဲတဲ့ ကာလကြီးလည်း ဖြစ်ပါတယ်။ ကျွန်မတို့ အစ်ကို အကြီးဆုံး အောင်ဆန်းဦး မွေးဖွားချိန်ကဆိုရင် ကလေးတိုက်ဖို့နွားနို့က ရေရောထားတာမျိုးပဲ ရနိုင်တယ်။ ကလေးနို့ပုလင်း မရနိုင်လို့ ဇွန်းကလေးနဲ့တိုက်ရတယ်လို့ ကျွန်မကို လူကြီးတွေက ပြောပြဖူးပါတယ်။ တကယ်တော့ ဖေဖေ့ရာထူး အနေအထားနဲ့ အခွင့်အရေးယူမယ်ဆိုရင် နွားနို့ကောင်းကောင်းနဲ့ ကလေးနို့ပုလင်း တစ်ပုလင်းလောက်တော့ ရနိုင်လောက်မယ် လို့ ထင်ပါတယ်။ ခက်ခက်ခဲခဲ၊ ဆင်းဆင်းရဲရဲ ပဲ နေခဲ့တာကို ကျေနပ်ဂုဏ်ယူမိပါတယ်။

မေမေက စစ်မီးလောင်ကျွမ်း နေတဲ့ အချိန်မှာ တာဝန်မပျက်ခဲ့တဲ့ သူနာပြု ဆရာမတစ်ယောက်ပီပီ သတ္တိအပြည့်နဲ့ ဘ၀ကို ရင်ဆိုင်ခဲ့ပါတယ်။ သက်သက်သာသာ နေရဖို့ စိတ်ကူးခဲ့ပုံ မပေါ်ပါဘူး။ ဂျပန်တော် လှန်ရေးဆင်နွှဲဖို့ ဆုံးဖြတ်တဲ့ကာလမှာ ဖေဖေအတွက် အန္တရာယ်တွေ ပိုလာပါတယ်။ ဂျပန်တွေ က လိုက်ဖမ်းဖို့ ရှာနေတဲ့ သခင်စိုးကို နိုင်ငံရေး ဆွေးနွေးပွဲတွေ အတွက် တိတ်တဆိတ်ခေါ်လာပြီး အိမ်ထဲမှာ ၀ှက်ထားပေးရပါတယ်။ ဖေဖေတို့အစည်း အဝေးတွေပြီးတဲ့အခါမှာ မေမေကိုယ်တိုင် အခန်းကို ရှင်းရပါတယ်။ မတော်တဆ စာရွက်တစ်ရွက်၊ စက္ကူစတစ်စ ကျခဲ့၊ ကျန်ခဲ့လို့ အခြားသူတွေ မြင်သွားမှာ စိုးရိမ်လို့ ဒီလိုလုပ် ရတာပါ။

တော်လှန်ရေးအတွက် အစီအစဉ်တွေ လုပ်တဲ့အခါ မေမေနဲ့ ကျွန်မ အစ်ကိုနှစ်ယောက် (ကျွန်မကတော့ မေမေ့ဝမ်းထဲမှာ ရှိပါသေးတယ်) ဘယ်မှာ သွားနေရမလဲဆိုတာ စဉ်းစားရပါတယ်။ ဒီကိစ္စကို ဗိုလ်လက်ျာကို တာဝန်ပေး လိုက်ပါတယ်။ ဖေဖေနဲ့ မေမေကိုယ်တိုင် ဗိုလ်လက်ျာ ဘယ်လို စီစဉ်တယ်ဆိုတာ မသိပါဘူး။ မေးလည်း မမေးကြပါဘူး။ ကိုယ့်စည်း၊ သူ့စည်း၊ ကိုယ့်တာဝန်၊ သူ့တာဝန် ခွဲခြားထားတဲ့ အတိုင်းပဲ လက်ခံကြပါတယ်။ မေမေတို့အဖွဲ့ ကြက်ဖ မွေးဇောင်း ကိုသွားတဲ့ခရီးကတော့ သည်းထိတ်ရင်ဖို ဇာတ်လမ်းတစ်ခုပါပဲ။ ကျွန်မကတော့ မေမေ့ဝမ်းထဲမှာ ရှိစဉ်ကတည်းက တာဝန်အရ စေလွှတ်ရာကို မမေးမမြန်း လိုက်ပါသွားရတဲ့ အဖြစ်မျိုးနဲ့ ယဉ်ပါးခဲ့တာ ပါလို့ပဲ စကားကြီး စကားကျယ်ပြောနိုင်တာပေါ့။
ကြက်ဖမွေးဇောင်း မှာနေရဲတဲ့ သုံး၊ လေးလအတွင်း မေမေ့ ဆံပင်တွေ စဖြူလာတယ်လို့ မေမေနဲ့အတူ လိုက်သွားခဲ့တဲ့ ဒေါ်လေးက ပြောဖူးပါတယ်။ ဂျပန်တပ်များက ဖေဖေ့မိသားစုကို လိုက်ရှာကြပါတယ်။ ဒီ့အပြင် ဖေဖေ့ကို ဖမ်းမိပြီဆိုတဲ့ သတင်းတွေလည်း လွှင့်ပါတယ်။ ဘာအဆက်အသွယ်မှာ မရှိတော့ မေမေ့အနေနဲ့ တစ်ချိန်လုံး စိုးရိမ်ပူပင်သောက ၀င်နေရတော့တာပါပဲ။ ပတ်ဝန်းကျင်က မသိအောင်လည်း နေရပါတယ်။ ရန်ကုန်ကနေ ဗုံးအန္တရာယ် ကလွတ်အောင် လာခိုလှုံနေတဲ့ အရေးပိုင် မိသားစုလို့ အသိပေးထားပါတယ်။ သတင်းစာတွေတောင် အတော်ရှားပါး၊ ဓာတ်ပုံတွေလည်း ရှားပါးတဲ့ခေတ်ဆိုတော့ ဖေဖေ့မိသားစု ဘယ်လို နေမှန်းသိသူက အင်မတန် နည်းပါးလို့လည်း ဒီလို ခိုလှုံနေလို့ ရတာပါ။ ယခုခေတ်လို သတင်းဖြန့်ချိမှုအား ကောင်းခဲ့ရင် ဘယ်လိုမှ လူမသိအောင် လုပ်နိုင်ခဲ့မှာ မဟုတ်ပါဘူး။

တော်လှန်ရေးပြီးပြန်တော့လည်း ဖေဖေနဲ့ မေမေတို့ အေးအေးဆေးဆေး မနေရပါဘူး။ ဖေဖေက ရန်ကုန်ပြန် ရောက်ရောက်ချင်းဆိုသလို လွတ်လပ်ရေးအတွက် လှုပ်ရှားရုန်းကန်ရပါတယ်။ ကျွန်မကလည်း အဲဒီအချိန်မှာ လောကကြီးထဲ ရောက်လာပါတယ်။ နိုင်ငံရေး အရှုပ်ထွေးဆုံး ကာလပါပဲ။ ယခုခေတ်ကနေ ၁၉၄၅ ခုနှစ်မှ ၁၉၄၇ ခုနှစ်တွေကို ပြန်ကြည့်လိုက်ရင် ဖေဖေက တစ်တိုင်းပြည်လုံးရဲ့ ထောက်ခံအားပေးမှုနဲ့ လွတ်လပ်ရေးလှုပ်ရှား မှုကြီးကို ဦးဆောင်ခဲ့တယ်လို့ မြင်သူတွေ မှားပါတယ်။ အတိုက်အခံ၊ အတိုက်အခိုက်တွေ အင်မတန် များခဲ့တယ် ဆိုတာ မသိကြပါဘူး။ လွတ်လပ်ရေးကိုတော့ ရချင်ကြပါတယ်။ ဒါပေမဲ့ ဘယ်လို ပုံစံနဲ့ရယူမှာလဲဆိုတာနဲ့ ပတ်သတ်လို့တော့ အမြင်တွေ အတော်ကွဲပြားကြပါတယ်။

လွတ်လပ်ရေးရခါနီးအချိန်မှာ မျှော်လင့်ချက်တွေ တက်လာတာနဲ့အမျှ သဘောထား ကွဲလွဲမှုတွေ ပြင်းထန်လာပါတော့တယ်။ ဒါတွေရဲ့ အကျိုးဆက်အဖြစ် ဖေဖေကျဆုံးသွားတဲ့ အချိန်မှာ မေမေဟာသား၊ သမီး သုံးယောက်နဲ့ ကျန်ခဲ့ပါတယ်။ ဒါနဲ့အတူ ဖေဖေဟာ ဂုဏ်သိက္ခာနဲ့မညီတဲ့ ဘာကိစ္စကိုမှ မလုပ်ရ လေအောင် ကြံ့ကြံ့ခံပြီး ဒုက္ခတွေ ရင်ဆိုင်ခဲ့တယ်ဆိုတဲ့ ကျေနပ်မှုကတော့ တန်ဖိုးမဖြတ်နိုင်တဲ့ တစ်သက်တာအတွက် အင်အားတွေလည်း ကျန်ခဲ့ပါတယ်။

ဒီတစ်ပတ်တော့ဒီမျှသာ။ ။

အောင်ဆန်းစုကြည်

Money


`တို့ပြည်ထောင်စု အလံတော်(၁၉၅၀)`


`ရွှေတိဂုံ(၁၉၁၀)`


`မြန်မာ အမျိုးသားအလံ(၁၉၅၀)`


`ရွှေတိဂုံ(၁၉၆၀ နှစ်များ)`


Thursday, September 12, 2013

မန်မာနိုင်ငံတွင်ပထမဦးဆုံးပျံသန်းသောရဟတ်ယာဉ်(ခ)ဟယ်လီကော်ပတာ

မြန်မာနိုင်ငံတွင်ပထမဦးဆုံးပျံသန်းသောရဟတ်ယာဉ်(ခ)ဟယ်လီကော်ပတာ”

မြန်မာနိုင်ငံတွင်ပထမဆုံးပျံသန်းသော လင်းအမျိုးအစားပြင်သစ်ရဟတ်ယာဉ်ဖြစ်ပါသည်။၁၉၅၆ ခုဧပြီလ ၁၅ ရက်နေ့တွင်နိုင်ငံတော်သမ္မတကြီးဒေါက်တာဘဦးကိုတင်ဆောင်ကာသမ္မတဝင်းမြက်ခင်းပြင်မှရန်ကုန်မြို.ကိုတပတ်ပျံဝဲစီးနင်းကြည့်ရှုခဲ့ခြင်းဖြစ်ပါသည်။၎င်းရဟတ်ယာဉ်မှာမင်္ဂလာဒုံလေဆိပ်တွင်ဧပြီလ ၉ ရက်နေ့မှစတင်ကျင်းပသောပြင်သစ်လေယာဉ်ပြပွဲမှဖြစ်ပါသည်။
စာပေဗိမာန်မဂ္ဂဇင်း-အတွဲ(၅) အမှတ်(၄)

Sunday, September 8, 2013

`လေးညှို့ရှင် .......မုဆိုး(၁၉၀၃)`


``မြစ်ကမ်း တစ်နေရာဝယ်(၁၉၀၃)``


`တောင်ပေါ်သူ ပျိုဖြူတစ်စု(၁၉၀၃)


Photograph of a group of Buddhist monks or pongyis at Mandalay in Burma (Myanmar), taken by Willoughby Wallace Hooper in 1886.

“Their dress is a yellow robe which they wrap round the body; it is usually thrown over the left shoulder. The head, which is shaven, is always uncovered, and they carry in their hand a fan made from a Palmyra leaf to be used as a protection from the sun. A Phoongyee [pongyi] is a Buddhist monk; he is not a priest, rightly so called, though he performs religious ceremonies, instructs others in religious matters and teaches the young; he can leave the order if he pleases and be readmitted at any time; he lives on charity, and is supposed to lead a life of self-denial and devotion, in fact he professes to keep the law of Buddha, as laid down by Gautama, in so perfect a manner as will gradually lead him to that perfection which will qualify him for, and entitle him to, the state of Seighan, viz., entire and absolute annihilation or absorption into the Divine essence…The old man in the picture, with the others around him in respectful attitudes, is the head Phoogyee in Mandalay; he is seated in the doorway of the Golden Kyoung built for him by Soopy-a-lat at a cost of 5 lakhs of rupees.”

Photograph of a group of Buddhist monks or pongyis at Mandalay in Burma (Myanmar), taken by Willoughby Wallace Hooper in 1886.

Saturday, September 7, 2013

#MissBurmaInternational1961

လွန်ခဲ့သော ၅၁နှစ်ကျော်က Miss International မှာ
ပြိုင်ခဲတဲ့မယ်ဗမာ Minnie Pu ရဲ့ရှားပါးပုံလေးပါ။

Friday, September 6, 2013

Pyu Text

Myanmar's three 1st Millennium cities Halin, Beikthano-myo, and Sri Ksetra are on track to become UNESCO World Heritage Sites. A UNESCO delegation will be visiting the sites next month. http://www.elevenmyanmar.com/tourism/3315-unesco-to-inspect-3-ancient-pyu-era-cities-for-world-heritage-list)

The photo shows an example of the "Pyu" script, which is a variant of the Pallava script of South India. Irrawaddy valley Buddhism was strongly influenced by South Indian Buddhism during the mid-1st Millennium.

A couple of Burmese young ladies

A couple of Burmese young ladies, one of whom is engaged in making 'cheroots', an occupation which fills up a good deal of their time, the demand for these articles in Burma being very great.

Cantonment garden,Rangoon 1887


သမ္မတ ဦးဝင်းမောင်အား လူငယ်ကင်းထောက်ဝတ်စုံနှင့် မြင်တွေ့ကြရ(၁၉၅၉)``