All photos and other content materials posted at This Blog were found via internet search engines and other websites and the legal copyrights of those content belong to the actual owners. I have taken my effort to acknowledge the copyright owners where possible, but there might some missing out. If you feel any of your copyrighted material is seen in this blog please comment it. Thank you.. Credit to ALL CONCERNED, especially Lin San Letpanpya, Kyawsoe Soe,Myanmar Historical Archive,William Than, Ateewarloneshay Soe Wai, Kyaw Gyi etc.....

Wednesday, December 17, 2014

ဗိုလ်ချုပ်အောင်ဆန်းပါဝင်ခဲ့သော ရုပ်ရှင်ဇာတ်ကား



ဗိုလ်ချုပ်အောင်ဆန်းပါဝင်ခဲ့သော ရုပ်ရှင်ဇာတ်ကား
Written by: တင်နိုင်တိုး

ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘ၀က ဘွိုင်ကော့တာ (Boycotter) အမည်ရှိ ရုပ်ရှင်ဇာတ်ကားတစ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ဖူးရာ ထိုစဉ်က နာမည်မထင်ရှားသေးသဖြင့် လူသိနည်းလှပါသည်။

ဘွိုင်ကော့တာ ရုပ်ရှင်ဇာတ်ကား

ဘွိုင်ကော့တာ ရုပ်ရှင်ဇာတ်ကားကို ဗြိတိသျှဘားမားရုပ်ရှင်မှ ဒါရိုက်တာဦးဘဇင်က ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ယင်းဇာတ်ကားတွင် တင်ဆွေ၊ လှမောင်ကြီး၊ မေမေ၀င်းနှင့် ရုပ်ရှင်သရုပ်ဆောင်များစွာ ပါဝင်ထားကြကာ ၁၈ စက်တင်ဘာ ၁၉၃၇ တွင် ရန်ကုန်မြို့ အိုလံပီယာရုပ်ရှင်ရုံ၌ ပြသခဲ့ပါသည်။

ကျောင်းသားခေါင်းဆောင်များ

ဘွိုင်ကော့တာ ရုပ်ရှင်ဇာတ်ကားတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကျောင်းသားခေါင်းဆောင်များ အများအပြား ပါဝင်သရုပ်ဆောင်ထားကြသည်။ ကျောင်းသားကိုအောင်ဆန်းသာမက ကိုနု (နောင်ဝန်ကြီးချုပ်)၊ ကိုရာရှစ် (နောင်ဝန်ကြီး)၊ ကိုထွန်းအုံ (နောင်မြူနီစီပယ်မင်းကြီး)တို့လည်း ပါဝင်ခဲ့ကြသည်။ ကိုနုသည် ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ရုံမျှမက ဇာတ်ညွှန်းနှင့် တွဲဖက်ဒါရိုက်တာအဖြစ်ပါ တာဝန်ယူခဲ့ပါသည်။

ဇာတ်လမ်းအကျဉ်း

ဘွိုင်ကော့တာဇာတ်ကားကို ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်တွင် ဦးဆောင်နေသူ လှမြင့်က အမျိုးသားတက္ကသိုလ် တည်ဆောက်ရေးနှင့် စည်းရုံးရေးအတွက် ရန်ကုန်မှပဲခူးသို့ မီးရထားဖြင့်လာခဲ့ရာမှ အစပြုထားပါသည်။ လှမြင့်နှင့်အတူ ပါလာသူ ယောက်ျားဟန်ဝတ်ဆင်ထားသော သန်းသန်းအား ရာဇ၀တ်အုပ်က မသင်္ကာ၍ စစ်ဆေးရာမှ မိဘများ သိရှိသွားကြသဖြင့် ထွက်ပြေးကြရသည်။

ရန်ကုန်တွင် လှမြင့်က သန်းသန်းနှင့်လက်ထပ်ကာ အတူပေါင်းသင်းနေထိုင်စဉ် မျက်နှာချင်းဆိုင်အိမ်မှ လှမောင်ကြီးက ရန်ပုံငွေထည့်ဝင်ခြင်း၊ ထမင်းဖိတ်ကျွေးခြင်းတို့ဖြင့် ရင်းနှီးအောင်ကြံဆောင်ခဲ့သည်။ လှမြင့်စည်းရုံးရေးခရီးမှ ပြန်ရောက်လာသောအခါ ဇနီးအား အထင်လွဲသွားသည်။ သန်းသန်းက အိမ်မှဆင်းသွားရာ လိုက်လံရှာဖွေရင်း နောက်ဆုံး ပြန်လည်ဆုံစည်းကြရင်း အမျိုးသားတက္ကသိုလ်ဖွင့်ပွဲ ပျော်ရွှင်စွာဆင်နွှဲကြပုံဖြင့် ဇာတ်သိမ်းထားပါသည်။ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းတို့က လှမြင့်အမျိုးသားတက္ကသိုလ် ထူထောင်ရေးအတွက် စည်းရုံးဟောပြောသည့်အခန်းတွင် ပါဝင်သရုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

သူရိယသတင်းစာမှ ဖော်ပြချက်

ဘွိုင်ကော့တာ ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်၍ ၂၄ စက်တင်ဘာ ၁၉၃၇ ရက်စွဲပါ သူရိယသတင်းစာတွင် ‘ဘွိုင်ကော့တာ ကျောင်းသူကျောင်းသားတို့ တိုးဝှေ့ကြည့်ကြပုံ’ ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြရာ၌ “လွန်ခဲ့သည့် ယူနီဘာစီတီ အရေးတော်ပုံကြီးနှင့် ပတ်သက်၍၊ ဗြိတိသျှဘားမား အရေးတော်ပုံကြီးနှင့် ပတ်သက်၍ ကုမ္ပဏီဒါရိုက်တာ ဦးဘဇင်သည် ၀တ္ထုသဘောမျိုးသက်ဝင်သည့် တကယ့်အဖြစ်များကို မျက်စိပသာဒ၌ ကွင်းကွင်းကွက်ကွက်ပေါ်လာအောင် ‘ဘွိုင်ကော့တာ’ ဇာတ်ထုပ်ကို ရိုက်ကူး၍ ယခုအခါ အော်လံပီယာရုံကြီး၌ ပြသလျက် ရှိကြောင်း။

ထိုဇာတ်ထုပ်ကြီးကို ပြသသည့်နေ့တွင် ရန်ကုန်မြို့ပေါ်ရှိ ကျောင်းတိုင်းကျောင်းတိုင်း သပိတ်မှောက်ကျောင်းသူကျောင်းသားများသည် သူ့ထက်ငါတိုးဝှေ့၍ အားတက်သရော ကြည့်ရှုကြပြီးလျှင် ကောင်းချီးပေးကြကြောင်း” စသည်ဖြင့် ရေးသားဖော်ပြခဲ့သည်။

ကိုအောင်ဆန်းကို မသိကြသေး

ဘွိုင်ကော့တာဇာတ်ကား ပြသစဉ်က ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုအောင်ဆန်းအား တိုင်းပြည်က ကောင်းစွာသိရှိကြဟန် မတူသေးပေ။ ဇာတ်ကားအကြောင်း သတင်း၌ “ဘွိုင်ကော့တာကား ဇာတ်ထုပ်ကို စီစဉ်သူများမှာ သပိတ်မှောက်ခေါင်းဆောင် ဦးနု၊ မစ္စတာရာရှစ်၊ သပိတ်မှောက်ကောင်စီဝင် ကောလိပ်ကျောင်းသူကျောင်းသားများနှင့်တကွ ဒါရိုက်တာဦးဘဇင်ပင်ဖြစ်ကြောင်း” ဟူ၍ ဖော်ပြထားသော်လည်း ကိုအောင်ဆန်း၏အမည် မပါရှိခဲ့ပေ။

ကိုယ်တွေ့အဖြစ်အပျက်

ရုပ်ရှင်ဇာတ်ကားတွင် ကိုအောင်ဆန်းနှင့် တက္ကသိုလ်ကျောင်းသားများပါဝင်သော ဇာတ်ဝင်ခန်းကို လက်တွေ့အဖြစ်အပျက်နှင့် အတတ်နိုင်ဆုံးတူညီစွာ ရိုက်ကူးခဲ့ပုံနှင့် ပတ်သက်၍လည်း သူရိယသတင်းထောက်က “ကျွန်ုပ်သည် သပိတ်မှောက်သည့်နေ့က ကိုယ်တွေ့မျက်မြင်တစ်ဦး ဖြစ်သည့်အတိုင်း ဘွိုင်ကော့တာဇာတ်ထုပ်ကို ပထမနေ့ကပင် ကြည့်ရှုရာ ဇာတ်ထုပ်တွင်ပါရှိသည့် အခန်းများမှာ သပိတ်မှောက်စဉ်အခါက ဖြစ်ပျက်သော အဖြစ်အပျက်များနှင့် တစ်သဝေမတိမ်း ထပ်တူထပ်မျှ တူလှပေကြောင်း။ ဤကဲ့သို့ အဖြစ်အပျက်ကိုရိုက်ကူး၍ ဇာတ်ထုပ်သဖွယ် ပြုလုပ်ပြသည်မှာ ကျွန်ုပ်သိရသလောက် ဗြိတိသျှဘားမားက အရှေးဦးပထမပင်ဖြစ်ကြောင်း” စသည်ဖြင့် ရေးသားဖော်ပြခဲ့သည်။

ဒါရိုက်တာ ဦးဘဇင်

ဘွိုင်ကော့တာဇာတ်ကားကို ရိုက်ကူးခဲ့သူ ဒါရိုက်တာဦးဘဇင်မှာ မျိုးချစ်စိတ်ဓာတ် ပြင်းထန်သူဖြစ်သည့်အပြင် ရဲစွမ်းသတ္တိနှင့် ပြည့်စုံသူတစ်ဦးဟုလည်း ဆိုနိုင်ပါသည်။ ၁၉၃၆ ခုနှစ် ဒုတိယကျောင်းသားသပိတ်ဖြစ်ပြီးစ ကာလ၌ပင် ကျောင်းသားသပိတ်ကာလ အဖြစ်အပျက်များကို ဇာတ်လမ်းတွင် ထည့်သွင်းရိုက်ကူးဝံ့ခြင်းမှာ အံ့မခန်းစိတ်ဓာတ်ပင် ဖြစ်ပါသည်။

သတင်းဖော်ပြရာတွင် “ဇာတ်ကား၌ ကြောက်စိတ်ကျွန်စိတ်တွေဖျောက်ပြီး ဇာတိမာန်တက်ကြွစေ၍ အမျိုးသားအကျိုးကို မလျော့သောလုံ့လနှင့် ဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း။ ၎င်းပြင် အမျိုးသားတက္ကသိုလ် ဖြစ်မြောက်ရန်အတွက် ကျောင်းတော်သူ ကျောင်းတော်သားများက မည်ကဲ့သို့ဆောင်ရွက်သည့် အခန်း၊ အခက်အခဲများကို ရိုက်ကူးထားသဖြင့် ဒါရိုက်တာဦးဘဇင်အား အထူးချီးမွမ်းထိုက်ကြောင်း” စသည်ဖြင့် ရေးသားထားသည်ကို တွေ့ရှိရပါသည်။

သတင်းစာဆရာတစ်ဦး၏ အမြင်

မဏ္ဍိုင်သတင်းစာမှ သတင်းစာဆရာတစ်ဦးဖြစ်သူ မောင်ထိန်က နောက်ပိုင်းသူ၏အမြင်ကို ရေးသားဖော်ပြရာတွင် “ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်သည် ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီဒါရိုက်တာ သခင်နု (ယခုဝန်ကြီးချုပ်ဦးနု) ရိုက်ကူးသော ဘွိုင်ကော့တာဇာတ်ကားမှ စတင်သိခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ပါဝင်ရိုက်ကူးသောအခန်းမှာ သပိတ်အရေးနှင့်တ်သက်၍ ကျောင်းသားသမဂ္ဂခေါင်းဆောင်များ စည်းဝေးခန်းဖြစ်ပါသည်။ ထိုအခန်းတွင် သခင်အောင်ဆန်း၊ သခင်လှဖေ (ဗိုလ်လက်ျာ)၊ ဦးထွန်းအုံ(မြူမင်းကြီးဦးထွန်းအုံ)၊ မစ္စတာအမ်အေရာရှစ်(၀န်ကြီးဦးရာရှစ်)နှင့် သမဂ္ဂခေါင်းဆောင်များ ပါဝင်ကြသည်။

ထိုအချိန်က ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်သည် သိပင်သိသော်လည်း လုံးဝဂရုမထားချေ။ ကျွန်တော်တို့ခေါင်းဆောင်ကြီး ဖြစ်မည်ဟုလည်း လုံးဝမမျှော်လင့်ခဲ့ပေ။ ဘာကြောင့်နည်း။ သူ၏ အ၀တ်အစားချို့တဲ့မှု၊ ဆံပင်ကို ဖြီးလိမ်းခြင်းမရှိ၊ စုတ်ဖွားဖွားထားခြင်း၊ မျက်နှာအနေအထား ကြည်လင်မှုမရှိ၊ အမြဲမှုန်တေတေ ဖြစ်နေခြင်းတို့ကြောင့် သာမန်နောက်လိုက် အမှုဆောင်တစ်ယောက်ဟုပင် ထင်မိသည်” ဟု ရေးသားဖော်ပြခဲ့ဖူးပါသည်။

ကိုအောင်ဆန်း၏ သရုပ်ဆောင်ဟန်

ဘွိုင်ကော့တာ ရုပ်ရှင်ဇာတ်ကားတွင် ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၏ သရုပ်ဆောင်ဟန်အဖြစ် တိုက်ပုံအနက်ဝတ်ဆင်လျက် ရိုက်ကူးထားသော ဓာတ်ပုံတစ်ပုံကို တွေ့ရှိရပါသည်။ ကိုအောင်ဆန်း၏နောက်တွင် အခြားကျောင်းသားခေါင်းဆောင် အချို့ကိုလည်း တွေ့ရှိရပါသည်။ ယင်းဓာတ်ပုံမှာ ဘွိုင်ကော့တာရုပ်ရှင်ဇာတ်ကားမှ ကျောင်းသားကိုအောင်ဆန်း၏ သရုပ်ဆောင်ဟန်ဖြစ်ကြောင်း မြန်မာ့ရုပ်ရှင် ရွှေရတုသဘင်အခမ်းအနား ကျင်းပစဉ်က သိမီလိုက်ကြသည့် ရုပ်ရှင်ပညာရှင်များက အတည်ပြုပြောကြားခဲ့ကြပါသည်။

လူကြမ်းမင်းသားအား ကရုဏာသက်ကြပုံ

ရုပ်ရှင်ကြည့် ပရိသတ်သည် ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်ခေါင်းဆောင်များ သပိတ်မှောက်ကြသည့်အခန်း၊ တရားဟောကြသည့်အခန်းများကို ကြည့်ရှုအားပေးခဲ့ကြသကဲ့သို့ လူကြမ်းလှမောင်ကြီး၏ သရုပ်ဆောင်ပုံကိုလည်း ကြည့်ရှုကာ ၀မ်းနည်းကြေကွဲခဲ့ကြသည် ဆိုပါသည်။ လှမောင်ကြီးမှာ ဘွိုင်ကော့တာဇာတ်ကား ရိုက်ကူးပြီးစတွင် ကွယ်လွန်သွားခဲ့ရာ ဇာတ်ကားရုံတင်ပြသစဉ် သက်ရှိထင်ရှားမရှိတော့ပေ။ ပရိသတ်အချို့က ရုပ်ရှင်ကြည့်ရင်း “ကိုလှမောင်ရေ အမျှဗျို့” ဟူ၍ပင် အော်ဟစ်အမျှအတန်းဝေခဲ့ကြသည် ဆို၏။

နောင်တစ်ချိန်တွင် မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီးဖြစ်လာမည့် တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းကို ပရိသတ်က သတိမပြုမိကြသေးဘဲ လူကြမ်းလှမောင်ကြီးကိုသာ တမ်းတခဲ့ကြသည့်အပေါ် အမှတ်ရခဲ့မိကြောင်း ဘွိုင်ကော့တာဇာတ်ကား ကြည့်ရှုခဲ့ဖူးသူတစ်ဦးက ပြန်ပြောင်းပြောပြခဲ့ပါသည်။

ကျမ်းကိုး-
၁။ ဗိုလ်ချုပ်ဘာကြောင့် ခေါင်းဆောင်ဖြစ်ခဲ့သလဲ။ (မောင်ထိန်) မဏ္ဍိုင် (၁၉-၇-၁၉၅၅)
၂။ သူရိယသတင်းစာ(၂၄-၉-၁၉၃၇)ပါ သတင်းဖော်ပြချက်။

(ဘွိုင်ကော့တာရုပ်ရှင်ဇာတ်ကားကြော်ငြာ (ပုံသေး) နှင့် ဘွိုင်ကော့တာဇာတ်ကားမှ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၏ သရုပ်ဆောင်ဟန်)

Sunday, December 7, 2014

Scene of High Court in Rangoon, ca.1920s


၁၉၄၅ ရွှေတိဂုံဘုရားမှ ဗြိတိသျှစစ်သားများ


ပဲခူးငလျှင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့ရသောရွှေမုဒ္ဓေါစေတီတော်အား၁၉၃၀ခုတွင်တွေ့မြင်ရပုံ


ဒေါ်အောင်ဆန်းစုကြည် vs ဦးသန်းရွှေ "


40 years ago - U Thant's Funeral and Student Strike in December 1974

People wait at Kyaik Ka San racecourse to pay their final respects to U Thant on Dec. 5, 1974. (Photo: Htein Win)
People wait in line to pay their last tribute to U Thant at the Kyaik Ka San racecourse on Dec. 5, 1974. (Photo: Htein Win)
U Thant’s remains are carried to a burial site on the Rangoon University campus on Dec. 8, 1974. (Photo: Htein Win)The entrance of Rangoon University campus on Dec. 6, 1974, one day after students snatched U Thant’s coffin to lay it in state at the University Convocation Hall. (Photo: Htein Win)
Students are arrested after a morning crackdown on the Rangoon University campus on Dec. 11, 1974. (Photo: Htein Win)
Security forces and a paddy wagon on the Rangoon University campus after a morning crackdown on Dec. 11, 1974. (Photo: Htein Win)
People pay tribute to U Thant at Kyaik Ka San racecourse, where he was laid in state on Dec. 5, 1974. (Photo: Htein Win)
People carry a wreath for U Thant, standing at the entrance of Rangoon University campus on Dec. 5, 1974. (Photo: Htein Win)
People volunteer to build a mausoleum for U Thant on the Rangoon University campus on Dec. 6, 1974. (Photo: Htein Win)
Photo Credit to   Htein Win, Irrawaddynews
 ဦးသန့်ဒီဇင်ဘာနှင့်နော်ကူးမအလွမ်း
ဒီဇင်ဘာ၏အေးမြမြ နှင့်မှိုင်းပျပျရာသီကပင်အလွမ်းဓါတ်ကိုနှိုးဆွတတ်လေသလားမသိ၊ဒီဇင်ဘာရောက်တိုင်းအလွမ်းဓါတ်ခံတို့နိုးကြွလာတတ်သည်။မြန်မာလူမျိုးသက်တမ်း၏သုံးပုံနှစ်
ပုံကျော်နေခဲ့ပြီးသည်မို့လွမ်းရသည့်ဒီဇင်ဘာတွေအရွယ်အလိုက်ရှိခဲ့ပါသည်။၁၉၅၈ပါတ်ဝန်းကျင်ခလေးဘဝဖခင်၊ညီငယ်နှင့်အတူတက္ကသိုလ်ရိပ်သာလမ်းမှဗိုလ်တထောင်ထိမနက်၎နာရီခန့်ကါးနှင့်လူသူကင်းရှင်းသည့်လမ်းတလျောက်လမ်း
လျောက်ခဲ့သည့်ဒီဇင်ဘာရက်တရက်ကို
ယနေ့တိုင်လွမ်းမိပါသေးသည်။ဆန့်ကျင်ဘက်ရွယ်တူများနှင့်မထိခလုပ်ထိခလုပ်
ဖြစ်ခဲ့သည့်ဒီဇင်ဘာလူထုလမ်းလျောက်ပွဲ
များသည်လည်းလွမ်းစရာပင်။
ဝန်ထမ်းဘဝတလတစ်ခေါက်ရောက်ခဲ့
ရသည့်ဝန်းသိုမြို့တွင်အေးမြသည့်မနက်ခင်းကြမ်းနှင့်တပြေးညီဖေါက်ထားသည့်မီးဖိုတွင်မီးလှုံရင်းခေါပုတ်ကင်စားရေနွေးကြမ်းသောက်ရသည်များ၊ညနေဘက်ဒေါင်းမြူးချောင်းတွင်ရေချိုးပြီးချမ်းစိမ့်စိမ့်အရသာကိုဖန်ခွက်ကိုင်ခံစားရသည့်ဒီဇင်ဘာရက်များကလည်းလွမ်းစရာပင်
ကျိုက်ထီးရိုး၊ကျိုက်ထိုဟော်တယ်ရှေ့
ကေါ်ဖီဆိုင်တွင်မိသားစုနှင့်ကေါ်ဖီသောက်ရင်းတက်သစ်စနေဝန်းကိုကြိုဆိုရသည့်ဒီဇင်ဘာရက်များကလည်းလွမ်းစရာပင်။
ယခုနှစ်ဒီဇင်ဘာတွင်တော့မကြာသေးမှီ
ကR.A.S.U ကျောင်းဝင်းအတွင်းတွေ့ခဲ့
ရသည့်ခွပ်ဒေါင်အလံနီနီများနှင့်ဆက်စပ်
ပြီးတခုသောဒီဇင်ဘာကိုအထူးပြုလွမ်းမိပါသည်၊ ဦးသန့်ဒီဇင်ဘာရက်များပင်.....
သမိုင်းကြောင်းကိုအားလုံးသိပြီးဖြစ်၍
နှစ်ထပ်မကြော့လိုတော့ပါ။မိမိလွမ်းမိတာ
လေးတွေကိုသာအရသာခံလွမ်းပါတော့
မည်။
ထိုစဉ်ကလိုင်သဘာဝသိပ္ပံတက္ကသိုလ်
တွင်ဘူမိဗေဒနောက်ဆုံးနှစ်တနှစ်တည်းသာမဟာဌာနအသစ်ဖွင့်လှစ်မည်ကိုအ
ကြောင်းပြု၍ပြောင်းရွှေ့သင်ကြားနေပြီး
ကျန်ကျောင်းသားအားလုံးမှာပထမနှစ်
ကျောင်းသားများဖြစ်ကြသည်။
ဒီဇင်ဘာလသမိုင်းဝင်နေ့တွင်ဘူမိဗေဒ
နောက်ဆုံးနှစ်ကျောင်းသားများနှင့်ဘာသာရပ်အားလုံးပထမနှစ်ကျောင်းသားများ
ပူးပေါင်း၍ပြည်လမ်းတလျောက်ချီတက်ခဲ့
ရာတံတားဖြူအင်းယားကန်ဘောင်ပေါ်
ရောက်စဉ်အေးမြသည့်ရာသီကြောင့်ကန်ရေမျက်နှာပြင်ရေငွေ့ပျံနေသည်ကိုတွေ့ရသည်။
Main ထဲရောက်၍နေရချအပြီးကြည့်လိုက်ရာ
တက္ကသိုလ်အလိုက်၊ဘာသာရပ်အလိုက်၊
အုပ်စုလိုက်ဖဲပြားရောင်စုံများရင်ဘတ်တွင်တပ်ဆင်ထားကြသည်။အချိန်ကျသည်
နှင့်စီတန်း၍ကျိုက္ကဆံကွင်းသို့ချီတက်ကြသည်။ယခုပန်းချီမျိုးမြင့်ဖြစ်နေပြီဖြစ်သော
ဘူမိဗေဒကျောင်းသားကိုမျိုးမြင့်ကဦးသန့်
ရုပ်ပုံလက်တန်းဆွဲပြီးကျောင်းသားတန်းနောက်ဆုံးမှရှေ့ဆုံးသို့ရုပ်ပုံကိုကိုင်မြှောက်၍ပြေးသွားသည်။ကျိုက္ကဆံကွင်းအ
တွင်းပင်နီဝတ်ကျောင်းသား(ဆလိုင်း
အောင်ကျော်မိုးဟုပြောကြသည်)နှင့်လမ်းစဉ်လူငယ်ကျောင်းသားတို့စကါးစစ်ထိုးပွဲ
ွဲအပြီးကျောင်းသားထုတညီတညွတ်တည်းဦးသန့်ရုပ်ကလပ်ကိုရာဇူးသို့သယ်ဆောင်ခဲ့သည်။အပြန်ခရီးတွင်ကျောင်းသူ
များအားအလယ်တွင်ထားပြီးကျောင်း
သားများကဘေးမှလက်တွဲဝန်းရံချီတက်ခဲ့ကြသည်။နှစ်မငယ်နှင့်အမများအား
အကိုတွေ၊မောင်တွေကစောင့်ရှောက်သည့်ခံစားမှုများခစားရသည်။
ဦးသန့်ရုပ်ကလပ် ကျောင်းဝင်းတွင်း
ရောက်ရှိပြီးနောက်ပိုင်းတွင်တော့ဦးသန့်
ဒီဇင်ဘာနေ့ရက်များစတင်တော့သည်။
နေ့နေ့ညညကျေင်းဝင်းအတွင်စည်ကါးနေသည်။ကျေင်းသားသက်သက်မဟုတ်တော့ပြည်သူအားလုံးပူးပေါင်းပါဝင်လာသည်။ကျောင်းသားအားလုံးတက်ကြွနေသည်။ပျော်ရွှင်နေသည်။သန်ရာသန်ရာပူးပေါင်းဆောင်ရွက်သည်။ဂူဗိမာန်ဆောက်
ရန်ပုံစံဆွဲသူကဆွဲသည်။ပြည်သူများကလည်းအလှုငွေထည့်ဝင်ကြသည်။အလုပ်သမားများကလည်းအလုပ်ဆင်းချိန်တွင်ရောက်လာကြသည်။တပြည်လုံးပူးပေါင်းဆောင်ရွက်နေကြသလိုပင်။
ဤနေရာတွင်ကျွန်တော်၏နော်ကူးမပါဝင်လာသည်။ကျောင်းဝင်းအတွင်းသူငယ်
ချင်းတစုနေ့နေ့ညညရှိနေကြသည်မို့
အဆက်မပြတ်ကြားနေရသောအသံလေးကိုသတိပြုမိလာသည်။အသံသာသာမို့
ကြားရသူတိုင်းနှစ်ချိုက်သဘောကျသည်
နောက်ဆုံးအားလုံးသဘောတူနံမည်ပေးလိုက်သည်က''နော်ကူးမ''ဟူ၍ပင်။
ပြန်ကြားရေးနှင့်အလှုခံနေရာမှကြေငြာစရာ့်ရှိသည်များကိုကြေငြာရာ၌နောက်ဆုံးစကါးလုံးကို'''နော်'''ဖြင့်အဆုံးသတ်တတ်
သဖြင့်ထိုခောတ်ကနံမည်ကြီးရုပ်ရှင်နှင့်ဇာတ်ကေါင်''နော်ကူးမ'''အမည်ဖြင့်ချစ်စ
နိုးခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။
အေးမြသည့်ဒီဇင်ဘာနေ့ညများနှင့်
နော်ကူးမကိုလွမ်းမိပါသည်။
သမိုင်းမှတ်တမ်းရေးခြင်းမဟုတ်ဘဲ
အလွမ်းမှတ်တမ်းရေးခြင်းမျှသာဖြစ်၍
အပြည့်အစုံဖြစ်မည်မဟုတ်ပါ။
နော်ကူးမနှင့်အတူသတိရသူများကတော့
သဘာဝသိပ္ပံမှမိန်းသို့အတူလာခဲ့သည့်
ကိုစံထွန်းနိုင်(ရခိုင်အမျိုးသား)၊ဆလိုင်းသန်းထွန်း(ချင်းအမျိုးသား)၊
အရှေ့မြောက်နယ်မြေသို့ရောက်ရှိသွားသောဒဿနိကနည်းပြဒေါ်မြမြစိုး၊ဒေါ်မြမြစိုးအားအရှေ့မြောက်ဒေသသို့ပို့ဆောင်ပေးခဲ့သည့်ကိုအောင်မျိုး(ကိုချစ်ဝင်း)
အားလုံးပြန်မဆုံကြတော့

Thursday, December 4, 2014

Irrawaddy 1908


1870 Anandar pagoda in pagan


Old Myanmar family dressing style


Daw Aung San Su Kyi 6 year old


British force front line in burma


Early 18 century Rangoon Sulae pagoda


1945 pyinoolwin


၁၉၂၁ခုနှစ် ဝေလမင်းသားရောက်ရှိစဉ်က မန္တလေးမြောက်ဖက်ကျုံးမှ အင်းလေးရိုးရာလှေပြိုင်ပွဲ


၁၉၂၁ခုနှစ်ဝေလမင်းသားရောက်ရှိစဉ်က မန္တလေးမြောက်ဖက်ကျုံးမှရိုးရာလှေပြိုင်ပွဲ


ဝေလမင်းသားအားမန္တလေးဘူတာကြီးမှကြိုဆိုနေကြပုံ( ၁၉၂၁)


Prince of wales Edward VIII ၁၉၂၁ခုနှစ်မြန်မာနိုင်ငံလာရောက်စဉ်ကရန်ကုန်မြို့ မှကြိုဆိုနေကြပုံ